ချမ်းမြသာစည်မြို့နယ် Community Centre တွင် ရေးသူ/ဖတ်သူ စာပေဆွေးနွေးပွဲ(Talk Show)ကျင်းပ

ချမ်းမြသာစည် မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များစာပေဗဟုသုတ လေ့လာဖတ်ရှုစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရေး၊ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ရေးသူ/ဖတ်သူဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲ(Talk Show)တွင် စာပေ၏ ရသစွမ်းအားများအကြောင်း၊ ၀တ္တုတိုရသအကြောင်းများ၊ လူငယ်များအနေဖြင့် စာပေဗဟုသုတ လေ့လာဖတ်ရှုနိုင်စေရေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းနှင့် လူငယ်စာရေးဆရာ/အယ်ဒီတာစိုင်းမြတ်သူ-ရွှေဘိုတို့က ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း(မြို့နယ်၊ ပြန်/ဆက်)