ချောင်းသာ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းစွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေးအတွက် ယနေ့နံနက် (၁၁) နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်ပတ်ဝန်းကျင်များကို သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ရေကန်များရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဗူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ အဆင်သင့်ထားရှိမှုဆောင်ရွက်ချက်အခြေအနေများနှင့် မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆက်သွယ်ရန် ချောင်းသာမြို့နယ်မြေ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံထွန်းမှ အကြံပေးဆွေးနွေး မှာကြားခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ချောင်းသာမြို့ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ချောင်းသာ (ပြန်/ဆက်)