ကလိန်အောင် မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အထက-ကလိန်အောင်စာစစ်ဌာနတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် အထက-ကလိန်အောင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား/သူ အတွဲ(၁)ဖြေဆိုသူပေါင်း(၁၃)ဦး၊ အတွဲ(၂) ဖြေဆိုသူပေါင်း(၃)ဦး၊ ပြင်ပဖြေဆိုသူ(၁၉)ဦး စုစုပေါင်း(၃၅)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)