လွိုင်ကော် မတ် ၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ်ကြီးကြပ်ရေး အဖွဲ့အစည်းအဝေးကို ပြုလုပ်ကျင်းပဆောင်ရွက်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်က ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်းအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်ပြီး လူမှုရေးရာဝန်ကြီးနှင့် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)