Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်
Mar 08,2023
သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာများသိရှိပြီး ကိုယ်တိုင်လိုက်နာဆောင်ရွက်ရုံသာမက ရပ်ရွာအတွင်းရှိ ပြည်သူလူထုထံသို့ သဘာဝဘေးလျော့ပါးရေး အသိပညာများအား ဆင့်ပွားဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ အခမ်း အနားကို မြဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် မတ်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဆင်သေချောင်း ယာယီထိန်းဆည်မှ ရေများစတင်ပေးဝေ
Mar 08,2023
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည်မှ ကွင်းအမှတ် ၁၆၂၃ ကွင်းနှင့် ၁၆၂၄ ကွင်းအတွင်းရှိ စိုက်ဧကများသို့ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရေများပေးဝေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ
Mar 07,2023
လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်ရှိ စာစစ်ဌာန (၃)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၁၆၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်
Mar 07,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ဦးလွင်မြို့နယ်မှ ကျောင်းသား/ ကျောင်းသူ(၂၁၆၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၊ မြို့မစျေးရှေ့၌ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်
Mar 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့မစျေးရှေ့တွင် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နေလယ်(၁၂)နာရီအချိန်က ကျင်းပရာ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးအောင်ကျော်တင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ရဲထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် Renewable Energy အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Mar 07,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Renewable Energy အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝဥဈေးများ ပြန်လည်မြင့်တက်လာ၍ ဝဥလုပ်ကိုင်သူများ အဆင်ပြေ
Mar 07,2023
တောင်ပေါ်ဒေသများတွင် အများဆုံးစိုက်ပျိုးလေ့ရှိသည့် ဝဥဈေးများ ပြန်လည်မြင့်တက်လာ၍ ဝဥလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အေးချမ်းစွာဖြေဆိုနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန်က အထက(၁)ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13087
Page
13088
Page
13089
Page
13090
Current page
13091
Page
13092
Page
13093
Page
13094
Page
13095
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department