အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မြို့နယ်များအတွက် စပါးမျိုးစေ့ချလက်ဆွဲကိရိယာ(Drum Seeder)များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်း မြို့နယ်အလိုက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများ တက်ရောက်သည်။
Mar 08,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက စာစစ်ဌာနအသီးသီးတို့၌ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၆၇၈) ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စာစစ်ဌာန(၄)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရားတော် (၇)ရက်သင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက အဆိုပါဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ ကျင်းပခဲ့သည်။
Mar 08,2023
ဟုမ္မလင်းစိုက်ပျိုး​ရေးသိပ္ပံ ဒုတိယနှစ်၊ ကျောင်းသူ၊ ကျောင်းသား (၂၃)ဦးအား ကြီးကြပ်သူ ဆရာ၊ ဆရာမများ လိုက်ပါလျက် ​ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနှင့် တာဝန်ရှိသူများက မတ်လ (၅)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်း​ကျေးရွာ တောင်သူဦးသိန်းဖေ၏ မြရွက်စိမ်း လက်ဖက်ခင်းတွင် လက်ဖက်စိုက်ပျိုးမှုစနစ်၊ ခူးဆွတ်နည်း၊ ​ပေါင်းခံနည်း၊ လက်ဖက်စို၊ လက်ဖက်ခြောက် ပြုလုပ်နည်းများ ကွင်းဆင်း‌လေ့လာခဲ့ကြကြောင်း သိရသည်။
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး နွေရာသီအားကစား သင်တန်း (၆)မျိုးကို မတ်လ ၆ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီ ၃၀ အချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း (မော်ရွှေဝါခန်းမ)၌ စတင်ဖွင့်လှစ်သင်ကြားပေး ကြောင်း သိရသည်။
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက ငရုတ်ကောင်းမြို့ (အ.ထ.က)၊ စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၀)ဦး ရှိကြောင်း သိရသည်။