ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် ကလေးများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲကျင်းပ

ကရသူရိ မတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂိမ်းပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများ နွေရာသီအားလပ်ရက်တွင် အသိပညာ၊ အတတ်ပညာများနှင့် စာအုပ်/စာစောင်များမှပေးသည့် ဗဟုသုတများတိုးပွားရရှိရေး၊ ကလေးများ ကြိုက်နှစ်သက်ရာ အစီအစဉ်များနှင့် ၎င်းတို့ဝါသနာထုံရာဂိမ်းပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး  အဆိုပါ ပြိုင်ပွဲ၌  အိမ်ဆောက်ဂိမ်း၊ ဆေးရောင်ခြယ် ဂိမ်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြခြင်း၊ စာပေချစ်မြတ်နိုးသူများက စာအုပ်/စာစောင်များဖတ်ရှုခြင်းနှင့် မိမိစိတ်ဝင်စားသည့် အစီအစဉ်များကို ပူးပေါင်း လုပ်ဆောင်လျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ၌ ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)