သံတွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၂၈၆၂ ဦးရှိပြီး ၁၀၆ ဦး ပျက်ကွက်

သံတွဲ   မတ်  ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ သံတွဲမြို့ရှိ စာစစ်ဌာန(၅) ခု၌ မြန်မာစာဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၂၈၆၂ ဦးရှိပြီး ၁၀၆ ဦး ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(ငပလီ)၊ အ.ထ.က(ရွှေလှေ) အ.ထ.က(ကင်းမော်)၊ အ.ထ.က(ကျောက်ကြီး)စစစ်ဌာန (၅)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၉၆၈)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ (၂၈၆၂) ဦးရှိပြီး ပျက်ကွက်သူ (၁၀၆)ဦး ရှိသဖြင့် စာမေးပွဲဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် ၈၉ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ  ၁၈ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန်အတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်