တောင်ဥက္ကလာပမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုသူ (၇၀၀)ဦးရှိ

တောင်ဥက္ကလာပ  မတ် 

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ() ရက်နေ့မှ စတင်၍တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပလျက်ရှိပြီး ယနေ့နံနက် ၉နာရီအချိန် က မြန်မာစာဘာသာရပ်အား တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း အမှတ်()နှင့် အမှတ်()အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန()ခုတွင် မြန်မာစာဘာသာရပ်အား ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ (၇၄၆)  ဦးအနက်မှ ကျောင်းတွင်း ဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူစုစုပေါင်း ( ၇၀၀) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်()နှင့် အမှတ်() အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန()ခုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ကျောင်းသားမိဘများက စာဖြေဌာနပြင်ပမှ စောင့်ကြပ်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)