ကော့ကရိတ် မတ် ၈
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၊ အ-ထ-က(၁)စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ (၃၀၉) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသောကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် ကော့ကရိတ်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ကော့ကရိတ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/ကျောင်းသူ(၃၆၃)ဦးရှိပြီး ပျက်ကွက်သူ(၅၄)ဦးဖြစ်ရာ ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ(၃၀၉)ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် ၈၅.၁၂ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)