ပုဇွန်တောင် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အထိမ်းအမှတ် (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ မေမြတ်စန္ဒာနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အစပြုဖြစ်ပေါ်လာပုံ၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပမှု၊ ရည်ရွယ်ချက်နှင့် ကမ္ဘာတစ်ဝှမ်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နှစ်စဉ်ကျင်းပမှုနှင့် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ် ဖြစ်သည့် "ကျား/မ တန်းတူညီမျှဖို့ နည်းပညာနဲ့ဆန်းသစ်စို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပမှုအကြောင်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်နှင့် စာရေးဆရာမ မေမြတ်စန္ဒာတို့မှ အပြန်အလှန် ဆွေးနွေးတင်ဆက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်