တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်း အသိပညာပေး Talk Show ပြုလုပ်

တာမွေ    မတ်    

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်း အသိပညာပေးTalk Show အစီအစဉ်တွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုမြိုင်က ၂၀၂၃-ခုနှစ် မတ်လ()ရက် နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများနှင့် စိန်ခေါ်မှုများ၊ အမျိုးသမီးများ၏ စိတ်နေစိတ်ထားနှင့် သဘောသဘာဝများ၊ နိုင်ငံတော်အစိုးရမှလည်း အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်စုံထောင်စုံမှ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေးအစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)