ပုဇွန်တောင် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ ကျောင်းသူ (၈၀)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပုဇွန်တောင်မြို့နယ်၏ စာစစ်ဌာနဖြစ်သော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရှိရင်း ဖြေဆိုမည့် ကျောင်းသား(၅၄)ဦး ကျောင်းသူ(၅၀)ဦး ပေါင်း(၁၀၄)ဦးရှိရာ ဖြေဆိုကတ်ပြားမထုတ်၍ လာရောက်မဖြေဆိုသည့် ကျောင်းသား (၁၁)ဦး၊ ကျောင်းသူ(၄)ဦး၊ ပေါင်း(၁၅)ဦးနှင့် ဖြေဆိုကတ်ပြား ထုတ်ပြီးလာရောက်မဖြေဆိုသည့် ကျောင်းသား (၈)ဦး၊ ကျောင်းသူ (၁)ဦး၊ ပေါင်း(၉)ဦးရှိ၍ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား ( ၃၅ )ဦး၊ ကျောင်းသူ (၄၅) ဦး၊ စုစုပေါင်း (၈၀)ဦး ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား (၁၉) ဦး ကျောင်းသူ (၅) ဦး စုစုပေါင်း (၂၄) ဦးရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၇၆.၉၂ ) ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဗိုလ်တထောင်ခရိုင်နှင့် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်