ညောင်ဦး မတ် ၈
၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတဝန်းရှိ စာဖြေဌာနများ၌ တစ်ပြိုင်တည်း ဖြေဆိုလျက်ရှိရာ ညောင်ဦးမြို့နယ်ရှိ စာစစ်ဌာန (၄)ခုတွင် မြန်မာစာဘာသာရပ် ဖြေဆိုသူ ၅၃၆ ဦး ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပ ညာအထက်တန်းကျောင်း(ပုဂံ)၊ အခြေခံပညာအထက်တန်းကျောင်း(ငါ့သရောက်)၊ အခြေ ခံပညာအထက်တန်းကျောင်း(တောင်ဇင်း) အစရှိသည့်စာစစ်ဌာန(၄)ဌာန၌ ကျင်းပနေခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီပံ့ပိုးစောင့်ရှောက်လျက် နယ်မြေခံတပ်ဖွဲ့များနှင့်နယ်မြေခံရဲတပ်ဖွဲ့တို့က လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ စာဖြေဌာန(၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိကျောင်းသား (၂၉၉)ဦး၊ ကျောင်းသူ (၃၆၆)ဦးရှိကာ မြန်မာစာဘာသာဖြေဆိုသူ ကျောင်းသား (၁၉၈)ဦး၊ ကျောင်းသူ (၃၃၈)ဦး၊ စုစုပေါင်း (၅၃၆)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၂၈)ဦးဖြစ်သ◌ဖြင့် စာမေးပွဲဖြေဆိုမှု ရာခိုင်နှုန်း (၉၀.၀၈)ဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
ဒီပါလင်း