Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းမြို့တွင် ကိုယ်ကာယကြံ့ခိုင်မှု Fitness Dance နည်းပြသင်တန်းဆင်းပွဲကျင်းပ
Mar 12,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော Fitness Dance နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို မတ်(၁၂)ရက်၊ နံနက်(၈)နာရီက စစ်ကိုင်းမြို့ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဖောငမြောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်း တောင်သူပညာပေးသင်တန်း ဖွင့်လှစ်
Mar 12,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်သားစိုက်ပျိုးရေးသုတေသနခြံတွင် ပြောင်းသီးနှံတွင် ဆိုးရွားစွာ ကျရောက် ဖျက်ဆီးတတ်သော ဖောငမြောင်တောင်ပိုးအား သီးညှပ်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်မှုကို သိရှိနိုင်ရန် ရည်ရွယ်၍ သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဖောငမြောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်း တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်း အချိန်က အဆိုပါ ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ ပထမအကြိမ်အနေဖြင့် ဖွင့်လှစ်သော ဒေသဧည့်လမ်းပြသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 12,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှစီစဉ်ဖွင့်လှစ်သည့် ပထမအကြိမ်အနေဖြင့် ဖွင့်လှစ်သော ဒေသဧည့်လမ်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမဆောင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ (၇)ရက်တရားစခန်းအတွက် မီးသတ်တပ်ဖွဲ့မှ သောက်သုံး ရေလှူဒါန်း
Mar 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အိုရင်းကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်၊ ၁၃၈၄ ခုနှစ် တပေါင်းလဆုတ် ၃ ရက်နေ့မှ စတင်၍ ရွာဦးကျောင်းဆရာတော် ဦးဇာနေယာ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ကျောင်းထိုင်ဆရာ တော်အပါအဝင်ရွာနီးဝန်းကျင်ရှိ ဆရာတော်ကြီးများမှ တရားစခန်းဖွင့်လှစ်၍ တရားချစ်ခင် ဓမ္မယောဂီပေါင်း ၁၉၀ ဦးအား တရားဒေသနာတော်များ ဟောကြားခြင်း၊ ကမ္မဌာန်းတရားရှုမှတ် ပွားများစေခြင်းများကို သာသနာပြု ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ တရားစခန်းရှိ ဆရာတော်သံဃာတော်များနှင့် ယောဂီများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး သန်းလှိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဥ် ၁ စီးဖြင့် ယနေ့နံနက် ၁၀နာရီခွဲအချိန်က ဒုတိယအကြိမ်အဖြစ် ရေဂါလံ ၁၆၀၀ အား ထပ်မံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်း သူထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌" အတွေ့အကြုံနှင့် အတွေးအကြံ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Mar 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသည့်"အတွေ့အကြုံနှင့် အတွေးအကြံ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံမြို့ အနော်ရထာရပ်ကွက်၌ လျှပ်စစ်ကေဘယ်ကြိုးများ အသစ်လဲလှယ် တပ်ဆင်
Mar 12,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ အနော်ရထာရပ်ကွက်တွင်တပ် ဆင်အသုံးပြုလျက်ရှိသော 11/0.4 KV(200 KVA) နရသိင်္ခ ထရန်စဖော်မာ 400 V ၏ ကေဘယ်များမှာ သေးငယ်ပြီး ဆွေးမြေ့ပေါက်ပြဲနေသောကြောင့် အမျိုးအစားကောင်းမွန်သော ကေဘယ်ကြိုးများအား
အပြည့်အစုံ ဖတ်ရန်
အာမခံအလုပ်သမားများအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေး
Mar 12,2023
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မြန်မာ့သစ်လုပ်ငန်း အခြေစိုက်အလုပ်ရုံမှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ပြုငွေများကို ၎င်း၏မိသားစုထံလက်ဝယ်အရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းဖွင့်လှစ်
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လိမ္မာယဉ်ကျေးစေရန်နှင့် ထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် ပန်းချီအခြေခံသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13003
Page
13004
Page
13005
Page
13006
Current page
13007
Page
13008
Page
13009
Page
13010
Page
13011
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department