ပူတာအို မတ် ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှစီစဉ်ဖွင့်လှစ်သည့် ပထမအကြိမ်အနေဖြင့် ဖွင့်လှစ်သော ဒေသဧည့်လမ်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ပူတာအိုခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဉက္ကဋ္ဌဦးခေါင်လန်ဒီးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြစ်ကြီးနားရုံးခွဲမှညွှန်ကြားရေးမှူးဦးခိုင်ဦးက သင်တန်းဖွင့်လှစ်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ သင်တန်းသား/သူများကိုယ်စား ဦးတူးခေါင်က သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ်ကျေးဇူးတင်စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ပူတာအိုခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ပထမအကြိမ်အနေဖြင့် ဖွင့်လှစ်သည့် ဒေသဧည့်လမ်းပြသင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြစ်ကြီးနားရုံးခွဲမှ ညွှန်ကြားရေးမှူးဦးခိုင်ဦးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာ/မများနှင့် သင်တန်းသား/သူများက စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ ဒေသဧည့်လမ်းပြသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်းမြို့နယ်များမှ သင်တန်းသား/သူစုစုပေါင်း(၁၀၀)ဦးတို့အား ဖေဖော်ဝါရီ(၂၈)ရက်မှမတ်(၁၁)ရက်နေ့အထိ သင်တန်းနည်းပြ(၁၁)ဦးတို့က သဘာဝအခြေခံခရီးသွားလုပ်ငန်းအကြောင်းအရာများ၊ ဧည့်လမ်းညွှန်တစ်ဦးတွင်ရှိရမည့် အခြေခံကျသောသဘောတရားများ၊ ခရီးသည်များကိုဝန်ဆောင်မှုပေးရာတွင် ထားရှိရမည့်ဆက်ဆံပြောဆိုမှု၊ သန့်ရှင်းပြီးကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာများ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးနိုင်ရေး၊ ခရီးစဉ်တွင် မတော်တဆထိခိုက်မှုများဖြစ်ပေါ်လာပါက အရေးပေါ်ကုသခြင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းများ၊ တောင်တက်ခရီးစဉ်များစီစဉ်ဆောင်ရွက်သည့်အခါ လမ်းပြများ၊ အထမ်းသမားများသိရှိထားရမည့် ရွက်ဖျင်တဲ၊ အိပ်ယာများစနစ်တကျလုပ်ဆောင်တတ်စေရန် လက်တွေ့သင်ကြားခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ နိုင်ငံခြားခရီးသွားများနှင့် ရေခဲတောင်တက်ခရီးစဉ် တက်ရောက်အောင်မြင်ခဲ့မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသားဌက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာများ၊ နိုင်ငံခြားဧည့်သည်များနှင့်ပတ်သက်၍ ဗီဇာအမျိုးမျိုး၊ ကန့်သတ်ဧရိယာများ၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် လူကုန်ကူးမှုမဖြစ်ပေါ်ရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဉပဒေများ၊ ပူတာအိုခရီးစဉ်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုင်စင်ရခရီးသွားကုမ္ဗဏီများပိုမိုပေါ်ပေါက်လာစေရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးသော လုပ်ငန်းလိုင်စင်များတင်ပြလျောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို စာတွေ့လက်တွေ့ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)