ပြည် မတ် ၁၂
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မြန်မာ့သစ်လုပ်ငန်း အခြေစိုက်အလုပ်ရုံမှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ပြုငွေများကို ၎င်း၏မိသားစုထံလက်ဝယ်အရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးရာတွင် လူမှုဖူလုံရေးအဖွဲ့ပဲခူးတိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းစိုးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါအကျိုးခံစားခွင့်များအကြောင်း ဦးစွာရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်မြို့မြန်မာ့သစ်လုပ်ငန်း အခြေစိုက်အလုပ်ရုံမှ အာမခံအလုပ်သမား ဦးဇော်မြင့်ဦး၏ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၁၀,၈၀၀,၀၀၀)တစ်ရာ့ရှစ်သိန်းတိတိကို ဇနီးဖြစ်သူဒေါ်ဇာခြည်ကျော်ထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းနှင့် အာမခံအလုပ်သမား(၁၂)ဦးအတွက် ဆေးဘိုးကုန်ကျငွေများအပါအဝင် စုစုပေါင်းငွေကျပ်(၁၃,၀၂၇,၁၀၈/-)ခွင့်ပြုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်