ညောင်ဦး မတ် ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ အနော်ရထာရပ်ကွက်တွင်တပ် ဆင်အသုံးပြုလျက်ရှိသော 11/0.4 KV(200 KVA) နရသိင်္ခ ထရန်စဖော်မာ 400 V ၏ ကေဘယ်များမှာ သေးငယ်ပြီး ဆွေးမြေ့ပေါက်ပြဲနေသောကြောင့် အမျိုးအစားကောင်းမွန်သော ကေဘယ်ကြိုးများအား မတ် ၁၀ ရက်နေ့မှ စတင်ကာ ပုဂံမြို့ လျှပ်စစ်မန်နေဂျာရုံး လိုင်းဝန်ထမ်းများက တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့လျှပ်စစ်မန်နေဂျာ ဦး သန်းထိုက်ဦးက ပြောကြား၍ သိရသည်။
ယခင်တပ်ဆင်အသုံးပြုလျက်ရှိသော ပုဂံမြို့ အနော်ရထာရပ်ကွက်တွင် တပ်ဆင် အသုံးပြုလျက်ရှိသော 11/0.4 KV (200 KVA)နရသိင်္ခ ထရန်စဖော်မာ၏ ကေဘယ်များမှာ သေးငယ်ပြီး ဆွေးမြေ့ပေါက်ပြဲနေခြင်း၊ လျှပ်စစ်မီးသုံးသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းပြီး ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် 11/0.4 KV( 200 KVA) Main & Feeder Cable 4C X 120 mm2 ကြိုးများအစား 1C X 150mm2 ကေဘယ်ကြိုးများဖြင့် လဲလှယ်တပ်ဆင်ခြင်းဖြစ်ကြောင်း ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးသန်းထိုက်ဦးက ရှင်းပြသည်။
ဒီပါလင်း