Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများဖွင့်လှစ်သင်ကြားပေး
Mar 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံ သင်တန်းများကို မတ်လ ၆ ရက်နေ့မှစတင်သင်ကြားပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်သင်ကြားပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်တွင် လေပြင်းဘေးဒဏ်ခံမိုးလုံလေလုံနေအိမ်ဆောက်လုပ်ပြီးစီး
Mar 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကုန်းလမ်းရပ်ကွက် လူငယ်ပရဟိတပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဦးစိုင်းနွေ၏ နေအိမ်အားဆောက်လုပ်ပြီးစီး၍ ယမန်နေ့ ညနေ၄နာရီခွဲတွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ်တိုက် နေအိမ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က အပ်နှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်းအခ…
Mar 12,2023
၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၃၈၅ ခုနှစ်၊ မြန်မာ နှစ်ဆန်း( ၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်ကုသရေးဦးစီးဌာန၏ ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်)၊ စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲ တက်ရောက်ခြင်း…
Mar 12,2023
ကချင်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ရရှိရေးအတွက် (၆)လကြာ ပြည်နယ်ကုသရေးဦးစီးဌာနက ဦးဆောင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆေးဘက်ကျွမ်းကျင် - ၄ (ဓာတ်မှန်)၊ စိစစ်ရေးမှူး - ၄ (ဆေးမှတ်တမ်း)သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၁၀ ရက် နံနက် ၈ နာရီက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်တောရွာများတွင် ပို့ဆောင်ရေးယဉ်အဖြစ် ယနေ့တိုင် အသုံးပြုခဲ့ကြသည့် မြန်မာတို့၏နွားလှည်း
Mar 12,2023
နွားလှည်းကို ရှေးခေတ် ဘုရင်များလက်ထက်မှစ၍ အသုံးပြုခဲ့ကြသော နှစ်ဘီးတပ် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်သည်။ နှစ်ဘီးတပ် လှည်းများတွင် နွား၊ မြင်းစသော တိရစ္ဆာန်အမျိုးမျိုးဖြင့် ဆွဲရသောလှည်းများရှိသကဲ့သို့ လူဆွဲ၊ လူတွန်းရသော လှည်းမျိုးများလည်းရှိသည်။ မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံခြားမှ စက်တပ်ယာဉ်များ ဝင်ရောက်အသုံးပြု နေကြပြီဖြစ်သော်လည်း ကျေးလက်တောရွာများတွင် နွားလှည်းများကို လက်လွတ်မခံနိုင်သေးဘဲ ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့ မြနန္ဒာရပ်ကွက်တွင်းရေနုတ်မြောင်း ကျောက်ရိုးစီခြင်းလုပ်ငန်း အောင်မြင်ပြီးစီး
Mar 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြနန္ဒာရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ရေနုတ်မြောင်း အရှည်(၂၅၀)ပေအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျောက်ရိုးစီခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း) ထောက်ပံ့ရန်ပုံငွေကျပ်(၉.၈၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စားတော်ပဲစိုက်ခင်းများ စတင်ရိတ်သိမ်း၊ ဈေးကောင်းရရှိ၍ တောင်သူများ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိ
Mar 12,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စားတော်ပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ မတ်လဆန်းမှ စတင်ကာ ရိတ်သိမ်း ခြွေလှေ့နေကြပြီဖြစ်ကာ စားတော်ပဲသီးနှံ ပေါ်ဦးပေါ်ဖျား တစ်တင်းလျှင် ငွေကျပ် တစ်သိန်းကျော်ဖြင့် ရောင်းချနေရ၍ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိ ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက် ဇီဇဝါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းရာနှုန်း ပြည့်ပြီးစီး
Mar 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ ဇီဇဝါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13002
Page
13003
Page
13004
Page
13005
Current page
13006
Page
13007
Page
13008
Page
13009
Page
13010
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department