ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ (၇)ရက်တရားစခန်းအတွက် မီးသတ်တပ်ဖွဲ့မှ သောက်သုံး ရေလှူဒါန်း

ညောင်ဦး  မတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အိုရင်းကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်၊ ၁၃၈၄ ခုနှစ် တပေါင်းလဆုတ် ၃ ရက်နေ့မှ စတင်၍ ရွာဦးကျောင်းဆရာတော်  ဦးဇာနေယာ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ကျောင်းထိုင်ဆရာ တော်အပါအဝင်ရွာနီးဝန်းကျင်ရှိ ဆရာတော်ကြီးများမှ တရားစခန်းဖွင့်လှစ်၍ တရားချစ်ခင် ဓမ္မယောဂီပေါင်း ၁၉၀ ဦးအား တရားဒေသနာတော်များ ဟောကြားခြင်း၊ ကမ္မဌာန်းတရားရှုမှတ် ပွားများစေခြင်းများကို သာသနာပြု ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ တရားစခန်းရှိ ဆရာတော်သံဃာတော်များနှင့် ယောဂီများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး သန်းလှိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဥ် ၁ စီးဖြင့် ယနေ့နံနက် ၁၀နာရီခွဲအချိန်က ဒုတိယအကြိမ်အဖြစ် ရေဂါလံ ၁၆၀၀ အား ထပ်မံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း  ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်း သူထံကသိရသည်။

အဆိုပါ ၇ ရက်တရားစခန်းများဖွင့်လှစ်ပေးခြင်းသည် ယခုအကြိမ်ဆိုလျှင် ၂၄ ကြိမ်မြောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတရားစခန်းအား ၁၄.၃.၂၀၂၃ ရက်နေ့ တပေါင်းလဆုတ် ၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒီပါလင်း