အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2023
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃-ခုနှစ် မတ်လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက ပေါင်းချုပ်​ကျေးရွာအုပ်စု၊ ပေါင်းချုပ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Mar 12,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသထွက်သဘဝအလျောက်ပေါက်ရောက်လျက်ရှိသည့် ဝါးပင်များကိုအသုံးပြုကာ အရည်အသွေးကောင်းမွန်ပြီး သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ “ဝါးလက်မှုအခမဲ့သင်တန်း”ကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ စံပြ(၁)လမ်း၌ ဖွင့်လှစ်ပြသသည်။
Mar 12,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်ချဥ်ကျေးရွာအုပ်စုတွင် တောင်သူများအနေဖြင့် ဆီစားသုံးမှုဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရန်အတွက် ယခုနှစ်တွင် စိုက်ပျိုးရေးကဏ္ဍကို အထူးဆောင်ရွက်ခဲ့ရာ သီးနှံမျိုးစုံစိုက်ပျိုးရင်းဖြင့် နေကြာများကို တိုးချဲ့ စိုက်ပျိုးလာကြပြီး နွေနေကြာကို သုတေသနအ​နေအဖြစ် ပြုလုပ်၍ စံပြစိုက်ခင်းတည်ထောင်ပြီး စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းကြောင်း သရက်ချဥ်ကျေးရွာ နေကြာစိုက်တောင်သူထံမှ သိရသည်။
Mar 12,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ နွေရာသီတွင်ရေပြတ်လပ်မှုမရှိစေရေးအတွက် ရပ်ကွက်အလိုက်အပိုင်း(၂)ပိုင်းခွဲ၍ အလှည့်ကျစမ်းသပ်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
Mar 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊   မြင်းမူမြို့နယ်အတွင်း   စိုက်ပျိုးထားရှိသည့် ကုလားပဲများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ အထွက်ကောင်းမွန်ခြင်းနှင့် ဈေးနှုန်းကောင်းမွန်ခြင်းကြောင်း တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 12,2023
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းသား/သူများ မြန်မာ့သိုင်းပညာကို လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ နွေရာသီမြန်မာ့သိုင်း (အခြေခံသင်တန်း)ကို ၁-၃-၂၀၂၃ ရက်နေ့မှ ၃၁-၃-၂၀၂၃ ရက်နေ့အထိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်   ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။