သတင်းများ

တန့်ယန်းမြို့နယ်တွင် တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်
Oct 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃-ခုနှစ် တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးဆိုင်ရာ (စာတွေ့၊ လက်တွေ့) ဆင့်ပွားသင်တန်း သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူးကာ ကျောင်းသား လူငယ်မောင်မယ်များ အသိပညာရရှိစေရန် လူကုန်ကူးမှုတားဆီးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ညနေ ၄ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
လဲချားတွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်း ပို့ချ
Oct 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းကို အောက်တိုဘာ ၆ရက်နေ့ နံနက်(၁၀)နာရီအချိန်က သီရိဟံသာခန်းမတွင် ပို့ချခဲ့ပါသည်။
ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံး၌ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေး
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေးခြင်းကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်းပွဲကျင်းပ
Oct 08,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရေးရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
မက်မန်းမြို့နယ်တွင် ဆေးသိုလှောင်ရုံ (RC) နှစ်ထပ်ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်
Oct 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးသိုလှောင်ရုံ(RC)နှစ်ထပ်ဆောင်လုပ်ခြင်းကို မက်မန်းဗလကုမ္ပဏီက ကျန်းမာ ရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည်။
ဥတ္တရခရိုင် ပြည်သူ့ကြည့်တိုက်၌ (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Oct 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။