လဲချားတွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်း ပို့ချ

လဲချား   အောက်တိုဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းကို အောက်တိုဘာ ၆ရက်နေ့ နံနက်(၁၀)နာရီအချိန်က သီရိဟံသာခန်းမတွင် ပို့ချခဲ့ပါသည်။

ရှေးဉီးစွာ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ ဒေါက်တာမျိုးလှိုင်ဝင်းက ဆင့်ပွားသင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး နံနက်ပိုင်းသင်တန်းတွင် စာတွေ့အဖြစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည့်နည်းစနစ်များ၊ စာရင်းကောက်ယူခြင်း မေးခွန်းလွှာအား မေးမြန်းဖြည့်သွင်းခြင်း နည်းလမ်းများ၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်မည့် နေရာဒေသများ၊ Mobile Phone/Tablet ကိုအသုံးပြု၍ စာရင်းကောက်ယူရာတွင်လုပ်ဆောင်ရမည့်အချက်များ၊ စာရင်းကောက်ယူပြီးသည့် မေးခွန်းလွှာများ ပြန်လည်ပေးအပ်ခြင်းနည်းလမ်းများအား ပို့ချခဲ့ပြီး ညနေပိုင်းအချိန်တွင် လက်တွေ့ဆောင်ရွက်ခြင်းနည်းလမ်းများ စသည့်ဖြင့် သင်တန်းသား (၂၀)ဉီးအား သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)