ပုံပါကျင်မြို့၌ ရေရရှိရေးအတွက် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ နမ့်ချန်ရေထွက်၌ စည်ပင်သာယာရေးဦးစီး ဌာန၊ ကျိုင်းတုံပြည်နယ်ရုံး၊ ဒုတိယအင်ဂျင်နီယာ မှူးကြီး ဦးစိုးသန်းနှင့် အင်ဂျင်နီယာမှူး ဦးထွေးအောင်၊ ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး၊ ဦးစိုင်းအောင်ဆမ်၊ ပုံပါကျင်စည်ပင်သာယာရေး ဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်ထက်တို့သည် ရေရရှိရေးအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။