မက်မန်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးသိုလှောင်ရုံ(RC)နှစ်ထပ်ဆောင်လုပ်ခြင်းကို မက်မန်းဗလကုမ္ပဏီက ကျန်းမာ ရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည်။
မက်မန်းမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ(၁၂၁.၉)သန်းဖြင့် မက်မန်းဗလကုမ္ပဏီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးတွင် ဆောက်လုပ်ခြင်းဖြစ်သည်။ အဆိုပါဆေးသိုလှောင်ရုံမှာ (RC)နှစ်ထပ်အမျိုးအစားဖြစ်ပြီး မက်မန်းဗလကုမ္ပဏီမှ လူအင်အား၊ စက်ပစ္စည်းယန္တရားများဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး မက်မန်းမြို့နယ် အဆောက်အဦများကြီးကြပ်ရေးကော်မတီပါ အဖွဲ့ဝင်များ၊ မက်မန်းမြို့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးက နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ မက်မန်းမြို့၊ ပြည်သူ့ဆေးရုံတွင် ဆောက်လုပ်လျက်ရှိသော ဆေးသိုလှောင်ရုံမှာ ဆောက်လုပ်ပြီးစီးမှု (၄၀)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မက်မန်းဗလကုမ္ပဏီ တာဝန်ခံ ဦးမိုးခိုင်ထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)