မိုင်းယောင်း၌ ဆင်းဧကရီ တစ်ဧကစံပြကွက် ရိတ်သိမ်း
Oct 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ၌ အောက်တိုဘာ၅ရက်နေ့က ကွင်းအမှတ်(၉)၊ ဦးပိုင်(၁၁၁)၊ ယမ်းမအနောက်တောင်ကွင်းရှိ တောင်သူ ဦးအိုက်ဘွန်းမား၏ ဆင်းဧကရီ မိုးစပါးစံပြကွက် တစ်ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ စပါးအစို ၁၄၂ ဒသမ ၅ တင်း၊ စပါးအခြောက် ၁၂၈ ဒသမ ၂၅ တင်း ထွက်ရှိကြောင်း သိရသည်။