သတင်းများ

ဥတ္တရသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့်စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Oct 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာ တောင်သူအသိပညာပေး စင်တာ၌ ယမန်နေ့မွန်းလွဲပိုင်းက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
သရက်မြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆေးသုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Oct 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အခြေခံပညာကျောင်းများတွင် ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အမရပူရတွင် တောင်သူအကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 07,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်က အမရပူရမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်တောင်သူများအား ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်း၊ ဆောင်းသီးနှံ စိုက်တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးခြင်း၊ မျိုးစေ့ထုတ်စံပြတောင်သူအား ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးခြင်းနှင့် အယ်လ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုကြောင့် သီးနှံများပျက်စီး ဆုံးရှုံးမှုမှ လျော့နည်းစေရေး စကားဝိုင်းဆွေးနွေးပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေး
Oct 07,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 07,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်က ကြားတောရမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွှေဘိုမြို့၌ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နေ့စဥ်နေထိုင်စားသောက်ရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီချိန်က အမှတ်(၁)ရပ်ကွက်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့်မတ်ပဲသီးနှံ အထွက်နှုန်းကောင်း မျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်
Oct 07,2023
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းနယ် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီက ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ အထွက်နှုန်းကောင်းမျိုးများကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ပြီး နည်းပညာဆွေးနွေးပြောကြားခဲ့သည်။