ပခုက္ကူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေးခြင်းကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးက ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အာမခံအလုပ်သမား ဦးကျော်မင်းလတ် (သာကြီးတောင်-စပယ်ရေနံမြေ)၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံး ငွေရင်းကျပ် ၈၁၀၀၀၀၀/- (ကျပ်ရှစ်ဆယ့်တစ်သိန်းတိတိ)ကို မိခင်ဖြစ်သူ ဒေါ်အမာစိန်ထံ ထုတ်ပေးကြရာ သားကြီးတောင်-စပယ်ရေနံမြေမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)