အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ

အမ်း အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာ​ပေးဟောပြောပွဲသို့ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းသီရိကျော်နှင့် အဖွဲ့ဝင် ဒေါ်ဂျူးဂျူးလွင်၊ ဦးဉာဏ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး မျိုးကြည်၊ အမှတ် (၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်မှူး ဒုရဲအုပ်သန့်ဇင်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးစန်းဝင်း၊ အမ်းမြောက်ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ဒိုင်ကြီးကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းသီရိကျော်နှင့် အဖွဲ့ဝင်ဒေါ်ဂျူးဂျူးလွင်တို့က အိမ်တွင်းအကြမ်းဖက်မှု၊ မူးယစ်သေစာသောက်စားပြီး ညစ်ညမ်းသည့်စကားဖြင့် ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ သူတစ်ပါး၏ဂုဏ်သိက္ခာထိခိုက်စေသည့် အပြုအမှုများမပြုလုပ်စေရန်၊ အကျင်လင်မရားကွာခြင်း ပြတ်စဲခြင်းဥပဒေဆိုင်ရာ အကြောင်းအရာကိစ္စရပ်များ၊ ကာမလိမ်လည်မှု ဥပဒေဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမျိုးကြည်မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်မှူး ဒုရဲအုပ်သန့်ဇင်ဦးက ယာဥ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးဦးစန်းဝင်းက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ထက်မြက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ဒေသခံပြည်သူများက ဥပဒေဆိုင်ရာအကြောင်းအရာကိစ္စရပ်များ၊ ယာဥ်စည်းကမ်း/လမ်းစည်းကမ်းနှင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးကိစ္စရပ်များအား မေးမြန်းကြရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဥပဒေရေးရာလက်ကမ်းစာစောင်၊ ယာဥ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်အား ဖြန်ဝေပေးကာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)