အိမ်မဲ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက မြို့နယ်အတွင်းစိုက်ပျိုးမြေများတွင် ပိုက်ဆံလျှော် (၂၅၀၀) ဧက၊ နေကြာ (၂၃၁၀) ဧက စိုက်ပျိုးမည့်အခြေအနေ၊ သီတင်းကျွတ်အမီ မြို့နယ်အတွင်း ရုံးဌာနများ၏ ခြံစည်ရိုးများ လှပသစ်လွင်အောင် ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်သည့် လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရန်၊ စပါးများအား တိုင်းကျော်၍သယ်ဆောင်ခြင်းမပြုလုပ်ကြရန်၊ သီတင်ကျွတ်ပွဲတော် မကြာခင်ရောက်ရှိလာ မည်ဖြစ်ရာ လုံခြုံရေးအရ ဧည့်စာရင်း များ စိစစ်စစ်ဆေးကြရန်နှင့် မြို့နယ်အတွင်း ကျေးရွာများတွင် ဘာသာရေးပွဲများ၊ လူမှုရေးပွဲများပြုလုပ်ပါက သက်ဆိုင်ရာကို ခွင့်ပြုမိန့် တင်ကြရန်လိုအပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးကြပြီး တာဝန်ရှိသူများက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)