သံဖြူဇရပ်မြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးမှု မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ်   အောက်တိုဘာ   ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းနေကြာလျာထားချက်ပြည့်မီရေးအတွက် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တောင်သူများအား ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျင်သိန်းမှ ဆောင်းနေကြာမျိုးစေ့အရည်အသွေး၊ စိုက်ပျိုးမှုနှင့်စားသုံးဆီ  ထုတ်လုပ်နိုင်မှုကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်ကျေးရွာ(၂၅)ရွာမှ တောင်သူများအား နေကြာမျိုးစေ့ရေဆင်းစပ်မျိုးနေကြာအိတ်များကို တစ်ဧကလျှင် (၁)အိတ်နှုန်းဖြင့် စိုက်ပျိုးဧက(၃၅၄)ဧကအတွက် (၃၅၄)အိတ်ကို မြို့နယ်စီမံအုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်နှင့်တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒုတိယအကြိမ်ပေးအပ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ် သံဖြူဇရပ်မြို့နယ်အနေဖြင့် ဆောင်းနေကြာစိုက်ဧက(၁၀၀၀)စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)