သတင်းများ

ဒေသ၏ အဓိကဖာလာပင်များအား ခုတ်ထွင်ရှင်းလင်း၍ ရိုဘတ်စတာကော်ဖီပင်များ တိုးချဲ့စိုက်ပျိုး
Oct 16,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင်နေထိုင်ကြသော ဒေသခံ ဥယျာဉ်ခြံပိုင်ရှင်အချို့မှာ မိမိတို့၏အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ချဉ်ပေါင်ဖာလာပင်များအား ခုတ်ထွင်ရှင်းလင်းပြီး ရိုဘတ်စတာကော်ဖီပင်များဖြင့် အစားထိုးပြောင်းလဲ စိုက်ပျိုးလာလျက်ရှိကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ
Oct 16,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခဲ့ရာ အောက်တိုဘာ ၁၆ ရက်နေ့တွင် စားအုန်းဆီ ၁၁၀၀၀ ပိဿာရောင်းချပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Oct 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ဝယ်ယူသူများပြားလျက်ရှိ
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလအတွင်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ဝယ်ယူသူများပြားပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်
Oct 16,2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများအနေဖြင့် ယခင်ကထက် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးအတွင်း အသားငါးများအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပန်းခြံအတွင်း သာယာလှပစေရန် ကွင်းဆင်းကြည့်ရှု
Oct 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးအတွင်း အသားငါးများအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိသိရှိနိုင်ရန်နှင့် ဆင်ဖြူကျွန်းအာဇာနည်ပန်းခြံအတွင်း သာယာလှပစေရန် ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေးခြင်းကို စည်ပင်သာယာရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မြို့မစည်ပင်သာယာစျေးအတွင်း  အသားငါးရောင်းချသည့် စျေးဆိုင်များအား ယနေ့အောက်တိုဘာ(၁၆)ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 16,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများအသုံးပြုနိုင်ရန် ယနေ့နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Oct 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များအနေဖြင့် စည်းလုံးခြင်းသည် အင်အားဆိုသည့် စကားပုံနှင့်အညီ ညီညွတ်ခြင်းတည်းဟူသော ရလဒ်ကောင်းများနှင့် တန်ဖိုးများကို သိရှိနားလည်ပြီး အရာရာကိုစည်းလုံးမှုဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများ ပြုလုပ်ခဲ့သည်။