သတင်းများ

တနင်္သာရီရိုးရာ တစ်ပိုင်တစ်နိုင်ပန်းပဲလုပ်ငန်းအကြောင်း ကိုရန်ငြိမ်းနှင့်တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်ဆောင်ရွက်
Oct 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီရိုးရာ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) မိရိုးဖလာ တစ်ပိုင်တစ်နိုင် လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာ ပန်းပဲလုပ်ငန်းအကြောင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ ချောင်းကြီး ရပ်ကွက်-စက်မှုဇုန်လမ်းအတွင်း (“3”)အမှတ်တံဆိပ်နှင့် အာမခံပန်းပဲလုပ်ငန်းဖြင့် မိသားစုအသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်နေသည့် ပန်းပဲပညာရှင် ကိုရန်ငြိမ်း(၃၅)နှစ်အား သွားရောက်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း”သို့ တက်ရောက်
Oct 16,2023
လူငယ်များအတွက် လိုအပ်နေသော အသိအမြင်ကြွယ်ဝစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်-တောင်ကြီးတို့ ပူးပေါင်းကျင်းပသည့်  “လူငယ်စကားဝိုင်း”ကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ ဆေးတက္ကသိုလ်-တောင်ကြီး ဘက်စုံခန်းမ၌ ကျင်းပသည်။
ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ခွဲစိတ်ခန်းသုံးပစ္စည်းများလှူဒါန်း
Oct 16,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံ အထောက်အကူပြုကော်မတီမှ ဆေးရုံခွဲစိတ်ခန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပေး
Oct 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူလူထုများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေရာ လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေကြောင်း သိရသည်။
မိုးဦး၊ မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ခင်းတွင် ဝါစိုက်တောင်သူများကိုယ်တိုင် မျိုးရွေးချယ် ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းဆောင်ရွက်
Oct 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၁၂)၊ ဦးပိုင်အမှတ် (၁၀၀)ရှိ တောင်သူဦးအောင်မြင့်၏ ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုး(၈)မျိုးနှင့် ဒေသမျိုးရွှေတောင်(၁၀)၊ စုစုပေါင်း(၉)မျိုး၏ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းတွင် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်သီးနှံဌာနခွဲမှ စီမံကိန်းဒါရိုက်တာ ဦးစိုးသိန်းနှင့်တကွ ပညာရှင်များပါဝင်သောအဖွဲ့နှင့်အတူ ဝါစိုက်တောင်သူများကိုယ်တိုင် ဝါပင်များအား မျက်မြင် အကဲဖြတ်သုံးသပ်ခြင်း ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက် ကပြဖျော်ဖြေ
Oct 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေ ပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ကပြ ဖျော်ဖြေပွဲကို ယမန်နေ့ည (၇) နာရီမှ စတင်၍ မိုင်းဆတ်မြို့နယ်၊ ဆက်သွယ်ရေး(၁၀)တပ်ရင်းရှိ ကွင်းပြင်၌ ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)စတင် ထိုးနှံပေး
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အတွင်း အမျိုးသမီးငယ်များအား အောက်တိုဘာလ ၁၆ရက်မှ စတင်ပြီး ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)စတင် ထိုးနှံပေးလျက်ရှိသည်။
စေတုတ္တရာ မြို့မဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနေ့အဖြစ် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနေ့အဖြစ် အပတ်စဉ် တနင်္လာနေ့တိုင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။