မိုခါမုန်တိုင်းကြောင့် ဆုတောင်းပြည့် ချမ်းသာကြီးဘုရား ထီးတော်မြေခ၍ ပျက်စီးမှုများ ပြန်လည်ပြုပြင်နေ

မင်းဘူး  အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ရှင်ပင်ချမ်းသာကြီး ကျောင်းဝင်းအတွင်းမှ ဆုတောင်းပြည့် ချမ်းသာကြီးဘုရားသည် မိုခါမုန်တိုင်းကြောင့် ထီးတော်မြေခ၍ ပျက်စီးသွားသည့်အပြင် လုံးပတ်တော်များမှာလည်း အက်ကွဲသွားပါသဖြင့် အသစ်တဖန် ပြန်လည်ပြုပြင်လျက်ရှိကြောင်း ရှင်ပင်ချမ်းသာကြီးကျောင်း နာယကဆရာတော် အရှင်ပဏ္ဏိထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်အဆောက်အအုံနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း စေတီပုထိုးများမှာ ရှင်ပင်ချမ်းသာကြီး ကျောင်းဝင်းအတွင်းမှ ဆုတောင်းပြည့် ချမ်းသာကြီးဘုရားတစ်ဆူသာ ထီးတော်မြေခ၍ ပျက်စီးမှုများရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇေယျာထက်(မင်းဘူး)