မြစ်ကြီးနား အောက်တိုဘာ ၁၆
ကချင်ပြည်နယ်အတွင်းရှိ တစ်သျှူးငှက်ပျောအပါအဝင် စိုက်ပျိုးရေးသီးနှံ ထုတ်ကုန်များအား ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရာတွင် မော်တော်ယာဉ်များအား စနစ်တကျ စစ်ဆေးကြပ်မတ်တင်ပို့နိုင်ရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန် မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်မြန်မာ-တရုတ်ကုန်စည်ပြန်လည် စီးဆင်း နိုင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးသီးနှံထုတ်ကုန်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရာသီချိန်မီဆွတ်ခူးတင်ပို့နိုင်ရေး မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု သဘော တူညီချက်ပါအတိုင်း ကုန်တင်ယာဉ်ကြီး များကို စနစ်တကျစစ်ဆေးကြပ်မတ်၍ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ တရားမဝင်/ လိုင်စင်မဲ့ယာဉ်များပါဝင်မှုမရှိစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်စည်တင်/ပို့နေကြသည့် အဖွဲ့အစည်းအသီးသီးအနေဖြင့် အချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်က အဖွဲ့အစည်းအသီးသီးမှ နယ်စပ် ကုန်စည်စီးဆင်းနိုင်ရေးအတွက် စာရင်းတင်ပြ လာသည့် (၁၂)ဘီးတွဲကားစာရင်း တင်ပြလာမှု၊ ယခင်နှစ်တင်ပို့ခဲ့သည့် ယာဉ်အစီးအရေနှင့် ယခုနှစ်အတွက် တင်ပြလာသည့် ယာဉ်အစီးအရေ အတွက်များကို သုံးသပ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအသင်း၊ ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကုန်စည်ပို့ ဆောင်ရေး အသင်းတာဝန်ရှိသူများက တစ်သျှူးငှက်ပျောအပါအဝင် စိုက်ပျိုးသီးနှံ များ တင်/ပို့ရာတွင် ကုန်တင်ယာဉ်များအား စစ်ဆေးဆောင်ရွက်တင်ပို့နိုင်ရေး၊ စစ်ဆေးခံယူနိုင်ရေး စုစည်းဆောင်ရွက် သွားမည့် အစီအစဉ်များ နှင့် လိုအပ်ချက်၊ အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးက ယာဉ်စာရင်းစိစစ်၍ စစ်ဆေး ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်