ထီးချိုင့်မြို့နယ်တွင် မိုးစပါး SRI စံပြကွက်ရိတ်သိမ်းပွဲကျင်းပ

ထီးချိုင့် အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်း များ ပူးပေါင်း၍ တည်တောကျေးရွာအုပ်စု၊ ကုက္ကိုကုန်း‌ကျေးရွာ တောင်သူ ဦးအောင်လွင်ဦး ကွင်းအမှတ် ၈၃၉ A၊ ဦးပိုင်အမှတ် (၆၂)၏ လယ်တွင် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မိုးစပါး SRI စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယ‌နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာတွင်  (၆.၆'x၆.၆')ပတ်လည်စံကွက်ရိတ်သိမ်းရာ နို့ဆီဘူး (၁၈)ဘူး ထွက်ရှိပြီး တစ်ဧကပျမ်းမျှ အစိုထွက်တင်း (၁၄၀) တင်း ထွက်ရှိကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် မိုးစပါး စိုက်ဧက (၄၀၀၉၆) ဧကကို စိုက်ပျိုးခဲ့ပြီး စပါးစိုက်တောင်သူများ အထွက်နှုန်းကောင်းစေရန်အတွက် မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေးနည်းပညာ များ ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)