သတင်းများ

ကျောက်ဆည်ခရိုင်၊ ပုလိပ်မြို့နယ်(ခွဲ)နှင့် ကူမဲမြို့နယ်(ခွဲ)များတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့နယ်(ခွဲ)နှင့်မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်(ခွဲ)များတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်
Nov 28,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီးတည်ဆောက်စို့”ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အ.ထ.က (ဂန့်ဂေါ) ကျောင်း၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်များခွဲ၍ ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြသည်။
(တန်ဆောင်တိုင်) ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေ၌ ခရီးသွားဧည့်သည်များဖြင့် စည်ကား
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ (တန်ဆောင်တိုင်) ရုံးပိတ်ရက်၊ နိုဝင်ဘာလ(၂၅) ရက်နေ့မှစတင်၍  အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲ စတင်ကျင်းပ
Nov 28,2023
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၆) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။
ကျွန်းစုမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်
Nov 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအရှေ့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်                              
Nov 28,2023
ထားဝယ်ခရိုင်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ ဦးစီး၍ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဈေးအကျိုးတော်ဆောင်များနှင့် ဈေးသူ/သားများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ထားဝယ်မြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲ၊ ဆွမ်းအိုးမျှောပွဲနှင့် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ် (၂၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်
Nov 28,2023
တန်​ဆောင်မုန်းလပြည့်​နေ့ (သာမညဖလ အခါသမယ​)တွင် မွန်ပြည်နယ်ရှိ အထင်ကရ တန်ခိုးကြီးဘုရား​၊ စေတီများတွင် ဘုရားဖူး ကုသိုလ်ယူကြသူများ၊ ​မြို့နယ်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာကျွေး​မွေးခြင်းများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာတံတားတွင် ကျင်းပသည့် ရှင်ဥပဂုတ္တမ​ထေရ်မြတ် ပူ​ဇော်ပွဲနှင့် ဆွမ်းအိုး​မျှောပွဲသို့ ​မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ထားဝယ်မြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 28,2023
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်မူလတန်းကြို ကျောင်းခန်းမ၌ကျင်းပခဲ့သည်။