သတင်းများ

တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်
Nov 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား မြို့ဝင်မုခ်ဦး၌ နွေးထွေးစွာကြိုဆိုကြ၍ ယာယီစခန်းများ၌ စနစ်တကနေရာချထားပေးပြီး ကျန်းမာရေးပြုစုစောင့်ရှောက်သည့်အပြင် နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ (၅၂) ကြိမ်မြောက်မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ပွဲနှင့်ဆုချီးမြင့်ပွဲ အခမ်းအနားကျင်းပ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ပွဲကို ယမန်နေ့နံနက် ၄ နာရီတွင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဂန္ဓာကုဋီတိုက်တွင် ကပ်လှူပူဇော်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းကုလားပဲသီးနှံ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ကြိုးပမ်းဆောင်ရွက်
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူက ဆောင်းသီးနှံကုလားပဲအား သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်အတွက် မိမိတို့၏ လယ်ယာမြေများကို တောင်သူလုပ်ငန်းသုံး ကျွဲနွားတိရစ္ဆာန်များ၊ လယ်ယာသုံးစက်ကိရိယာများဖြင့် ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ကုလားပဲသီးနှံဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲ ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် ၅း၃၀ အချိန်က ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ရင်ပြင်တော်၌ ဘုရားဖူးပြည်သူများ စည်ကား
Nov 28,2023
၁၃၈၅ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိတည်ထား ကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး) ရင်ပြင်တော်၌  ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိသည်။
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ပြိုင်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ပြိုင်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူ​ဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ (၂၆)ရက်နေ့ည ၇ နာရီတွင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ကိုးဘုံတန်ဆောင်းတော်ကြီးအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကျင်းပ
Nov 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နယ် မြေမီးသတ်စခန်းရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နယ်မြေမီးသတ်စခန်းရုံးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း ဖွဲ့စည်းထားရှိသည့် အရန်တပ်ဖွဲ့ဝင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆင်ဖြူကျွန်းမြို့အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၂၈)ရက် ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။