သတင်းများ

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နယ် မြေမီးသတ်စခန်းရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နယ်မြေမီးသတ်စခန်းရုံးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း ဖွဲ့စည်းထားရှိသည့် အရန်တပ်ဖွဲ့ဝင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆင်ဖြူကျွန်းမြို့အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၂၈)ရက် ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မတ္တရာမြို့နယ်၌ ၃၄ ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ကျင်းပပြုလုပ်သော ၃၄ ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ ၂၄နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာ စိုက်ထူခြင်း ဆောင်ရွက်
Nov 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၄နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာစိုက်ထူခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးဝန်းအတွင်း စိုက်ထူခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာ​ရေစက်ချခြင်းများ ဆောင်ရွက်
Nov 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့၊ နေ့လယ် (၁) နာရီအချိန်က မင်္ဂလာ ရန်အောင်ကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့၌ မြို့ပေါ်ရပ်ကွက်ရှိ မြတ်စွာဘုရားရုပ်ပွားတော်များ ဒေသစာရီ လှည့်လည် ပူဇော်ခံပွဲ ကျင်းပ
Nov 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြတ်စွာဘုရား ရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်၊  ယနေ့ နံနက် ၆ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ပူဇော်ခံကြောင်း သိရသည်။
နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အသက်၁၅နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်
Nov 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၅) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၄၂၂ ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ
Nov 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၄၂၂)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တန်ဆောင်မုန်းလပြည့်နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်းကား
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားလျက်ရှိရာ ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ တစ်ခွင်လုံး ဘုရားဖူးလာသူများဖြင့် စည်ကားများပြားလျက်ရှိကာ နေ့ချင်းပြန်ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းကာ ဝင်ရောက်လာသည့် ဘုရားဖူးခရီးသွားများပြားလျက်ရှိကြောင်း သိရသည်။