ချမ်းမြသာစည် နို၀င်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ မနော်ဟရီလမ်း၊ ၆၇ - ၆၈ လမ်းကြားတွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်၊ ဆီကုန်သည်၊ လုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ ကုန်ခြောက်နှင့်အသီးအရွက်များကို ပြင်ပပေါက်စျေးများထက် အထူးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များကို ပြည်သူများသို့ရောင်းချပေးရာတွင် ဆန်(၁)ပြည်လျှင်၂၈၀၀ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် ၅၈၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်၊ ဘဲဥ(၁)လုံး လျှင် ၃၀၀ ကျပ်၊ ဝက်သား (၁)ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အမဲသား (၁)ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ တီလားဗီးယား (၁)ပိဿာလျှင် ၄၀၀၀ ကျပ်၊ ငါးတန်(၁) ပိဿာလျှင် ၄၅၀၀ ကျပ်၊ ငါးအုံတုံ (၁)ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးကြင်းဖြူ(မန္တလေး) (၁)ပိဿာလျှင် ၄၅၀၀ ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကြက်သား (၁)ပိဿာလျှင် ၉၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ၁၅၀၀ ကျပ်၊ ပန်းဂေါ်ဖီ (၁)ထုပ်လျှင် ၇၀၀ ကျပ်၊ ဂေါ်ဖီထုပ် (၁) ထုပ်လျှင် ၅၀၀ ကျပ်၊ ဂေါ်ရခါးသီး (၁) လုံးလျှင် ၁၀၀ ကျပ်၊ ခရမ်းသီး (၁)ပိဿာလျှင် ၁၀၀၀ ကျပ်စသည်ဖြင့် ပစ္စည်းအမျိုးပေါင်း (၁၉)မျိုးကို အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ ပြည်သူများ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့(ချမ်း/စည်)