ရွှေတောင် နိုဝင်ဘာ ၂၈
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် "လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လှုပ်ရှားမှု အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးက ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ကေသီက မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးနှင့် မိခင်နို့စနစ်တကျတိုက်ကျွေးမှုများကို သရုပ်ပြပညာပေးဟောပြောခဲ့ပြီး ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာရပစ္စည်းများနှင့်ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပူးပေါင်း၍ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်မာရေးအသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့်ခင်ပွန်းများအား HIV ကာလသားရောဂါသွေးဖောက်စစ်ဆေးခြင်းများပြုလုပ်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှသိရသည်။
ကိုကိုမင်း ( ပြန် /ဆက်)