ဖျာပုံ နိုဝင်ဘာ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဘုရား၊ စေတီပုထိုးများတွင် ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ဒါနပြုသူများစတုဒီသာကျွေးမွေးခြင်း၊ နိဗ္ဗာန်စျေးများပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အတူ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် တန်ဆောင်မုန်းလပြည့်နေ့ည၌ ဘုရား၊ စေတီများတွင် ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သူများ၊ ဘုရားဖူးလာရောက်ကြသူများ၊ ဘုရားပွဲတော်ဖျော်ဖြေရေးအစီအစဥ်များ၊ စတုဒီသာကျွေးမွေးခြင်း၊ နိဗ္ဗာန်စျေးများပြုလုပ်လှူဒါန်းခြင်း၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)