ဆိပ်ဖြူမြို့နယ်၌ လမ်းအဆင့်မြှင့် တိုးချဲ့ဆောင်ရွက်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဆိပ်ဖြူ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်းမကြီး လမ်းအကျယ် (၁၈) ပေမှ (၂၄) ပေ လမ်းအဆင့်မြှင့် တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးသည်။

မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်းမကြီးလမ်းအကျယ် (၁၈) ပေမှ (၂၄) ပေ လမ်းအဆင့်မြှင့် တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ခရီသွာလာမှုအဆင်ပြေချောမွေ့စေရန်နှင့် လမ်းအသုံးပြုယာဉ်များ သွားလာမှုတိုးတက်လာသည့်အတွက်  ဆိပ်ဖြူမြို့နယ်အပိုင်း ယခင် (၁၈)ပေ လမ်းအကျယ်မှ  (၂၄) ပေ လမ်းအဆင့်မြှင့် တိုးချဲ့ကတ္တရာခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့နယ်လမ်းဦးစီးဌာက ကြီးကြပ်၍ တင်ဒါကုမ္ပဏီ (၃) ခုတို့မှ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လမ်းအဆင့်မြှင့် တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးဝင်းနှင့် မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိဝန်ထမ်းများလိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး   လမ်းလုပ်ငန်းတင်ဒါကုမ္ပဏီ (၃) ခုတို့မှ သက်ဆိုင်ရာ လမ်းလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပေးခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လမ်းအဆင့်မြှင့် တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်များနှင့်အညီ ဆောင်ရွက်ရေး၊ လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်နှင့် လုပ်ငန်းခွင်းအန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်သွားရန်၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မှီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်တိုက်တွန်း မှာကြားပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)