အမာမြို့အတွင်း ကျေးရွာများ၌ စပါးရိတ်သိမ်းချိန် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

အမာ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်း ကျေးရွာများတွင် မိုးစပါး ရိတ်သိမ်းချိန်ကာလဖြစ်သဖြင့် စပါးအငှားလိုက်ရိတ်သူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အငှားလိုက်သူတစ်ဦးထံမှ သိရသည်။

မိုးဦးကာလတွင် မိုးစပါးများကို စတင်စိုက်ပျိုးခဲ့ကြပြီး ယခုအခါရိတ်သိမ်းချိန်သို့ ရောက်ရှိလာရာ လယ်လုပ်ငန်းရှင်အများစုမှာ စပါးရိတ်ချွေစက်များကို အသုံးပြု၍ ရိတ်သိမ်းကြရပြီး သွားလာရန်ခက်ခဲသည့် လယ်ကွင်းများတွင် အငှားရိတ်သမားများကို ငှားရမ်း၍ စပါးများကို ရိတ်သိမ်းပြီးမှ ချွေလှေ့စက်များ အသုံးပြု၍ စပါးများကို သိမ်းဆည်းရောင်းချကြရသည်။ စပါးရိတ်အငှားလိုက်သူများအနေဖြင့် အချို့မှာ တစ်ဧက ၅၀၀၀၀ ကျပ်နှုန်းဖြင့် ရရှိပြီး အချို့မှာနေ့စားခ ၁၀၀၀၀ ရရှိကြောင်းနှင့် အချို့မှာ ကောက်လှိုင်း ၂၀စီးလျှင် ကောက်လှိုင်း ၄စီးနှုန်း ရရှိခြင်းဖြင့် အငှားလိုက်ရိတ်ကြရကြောင်း ယခုကာလတွင် ပုံမှန်ဝင်ငွေရရှိကြပြီး မိသားစုစားဝတ်နေရေး အဆင်လျက်ရှိကြကြောင်း ကျောက်တိုင်ကျေးရွာရှိ လယ်ကွင်းများတွင် စပါးရိတ်အငှားလိုက်သူ ဦးဖိုးကျော်ထံမှ သိရသည်။

အမာ(ပြန်/ဆက်)