ကော့သောင်း နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ဦးဆောင်၍ ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာလင်းထိုက်နှင့် ခရိုင်၊ မြို့နယ်မှကျန်းမာရေးဝန်ထမ်းများက ကော့သောင်းဘိုးဘွားရိပ်သာမှ ဘိုးဘွား(၃၆)ဦးအား မကူးစက်တတ်သောရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချိုအပြင် အခြားရောဂါများ ရှာဖွေစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အဘိုး၊ အဘွားများအား လိုအပ်သော သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးဝါးများလှူဒါန်းခဲ့ကြသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများ၊ ခရိုင်ကြက်ခြေနီအသင်းမှတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာလင်းထိုက်နှင့် တာဝန်ရှိသူများကကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)