လယ်ဝေး နိုဝင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဆရာမဒေါ်သင်းသင်းဇင် (ဇင်-ရန်ကုန်တက္ကသိုလ်)၊ ဦးမောင်မောင်တာ (သဘာဝ) ၊ ဦးကျော်လွင် (ကျော်လွင်မြင့်-မှော်ဝန်း)၊ ဒေါ်သက်သက်မွန်၊ ဦးလင်းထွဋ်(ကိုလင်း-အညာမြေ)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ်-လူ/မှု) ၊ ဇော်ဇော်အောင်နှင့် စာပေဝါသနာရှင်များက စာရေးဆရာကြီးအောင်သင်း၏ ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်း စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
နေရည်(ပြန်/ဆက်)