တပ်ကုန်းမြို့၌ သံဃာတော်များနှင့်သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင်/အသားဝါဘီပိုးရောဂါ ကာကွယ်ဆေးထိုးနှံပေး

တပ်ကုန်း နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော် များနှင့်သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင်/အသားဝါဘီပိုးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ မွန်းလွဲပိုင်းက ဆရာစံရပ်ကွက်၊ မဟာဇနကစာသင်တိုက်၊ ဇနကဗိမာန်တော် တွင် စုရပ်ဆောင်ရွက်ထိုးနှံပေးခဲ့သည်။ 

အဆိုပါဆေးထိုးစုရပ်တွင် တပ်ကုန်းခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဒေါက်တာကျော်မောင် ကြီးကြပ်ပြီး၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်၍ ကာကွယ်ဆေးထိုးအဖွဲ့ ကျန်းမာရေးဆရာ၊ ဆရာမများက ဆရာတော်၊ သံဃာတော်များနှင့်သီလရှင်များအား  အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းသွင်းခြင်း၊ သွေးဖောက် စစ်ဆေးခြင်း၊ အသည်း‌ရောင်/ အသားဝါရောဂါဘီပိုး ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

တပ်ကုန်းမြိုအတွင်း ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းမှ သံဃာ ၁၅၀ ပါး၊ သီလရှင်ကျောင်း ငါးကျောင်းမှ သီလရှင် ၁၅ ပါး  စုစုပေါင်း ၁၆၅ ပါးအား အသည်းရောင်/အသားဝါဘီပိုးရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အခမဲ့ထိုးနှံပေးခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် တတိယအကြိမ်အဖြစ် သုံးကြိမ်အပြည့်အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်