မိုင်းနောင်မြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းနောင် နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့​နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်တာဆွေမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)နှင့်ပတ်သက်၍  ရှင်းလင်း ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့တို့မှ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကာ မိုင်းနန်း၊ တူယား၊ ဝမ်စိမ်းကျေးရွာများမှ တောင်သူ (၁၀၁) ဦးတို့အား လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)