ဆေးပညာအခြေခံနှစ် (Foundation Year) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံပွဲအခမ်းအနား ဆေးတက္ကသိုလ်-မန္တလေးတွင်ကျင်းပ

မန္တလေး နိုဝင်ဘာ ၂၉

ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးပညာအခြေခံနှစ် (Foundation Year) (၁၁/၂၀၂၃)သင်တန်း၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူများအားတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် (၇၃)လမ်း၊ လမ်း(၃၀)ရှိ ဆေးတက္ကသိုလ်(မန္တလေး)၊ ဇီဝက(မန်းရတနာပုံ)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်က အမှာစကားနှင့် ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာနွယ်မာထွန်းက အမှာစကားပြီးဆေးပညာအခြေခံနှစ် (Foundation Year) Semester 1   ဌာနမှူးများကိုယ်စား ဓာတုဗေဒဌာနမှ ဌာနမှူး၊ ဒေါက်တာအေးအေးသိန်းနှင့် ဆေးပညာအခြေခံနှစ် (Foundation Year) Semester 2 ဌာနမှူးများ ကိုယ်စား ဆေးဝါးဗေဒဌာနမှ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာနွယ်နွယ်သန်းတို့က အမှာစကား ပြောကြားကြသည်။

အခမ်းအနားသို့ ဆေးတက္ကသိုလ်-မန္တလး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ‌ပါ‌မောက္ခ၊ ဌာနမှူးများ သင်ကြား/စီမံ၊ ဆရာ/ဆရာမများ၊ ဆေးပညာအခြေခံနှစ် (Foundation Year) ကျောင်းသား၊ကျောင်းသူ (၁၆၅)ဦးနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)