အထူးဆောက်လုပ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်းနှင့်အဖွဲ့ ဆွမ်းဆန်၊ ဆီ၊ ဆေးနှင့် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်း

တပ်ကုန်း နိုဝင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂါတ်ကုန်း ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံ အထူးဆောက်လုပ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆွမ်းဆန်တစ်အိတ်၊ ဆီ ၅ပိဿာ၊ အားဆေးတစ်ဗူးနှင့်ဝတ္ထုငွေ ၅၀၀၀၀ကျပ် ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက်  ပြည့်သူ့စစ်အဖွဲ့ဝင်  ၁၃ ဦးအတွက် တစ်ဦးလျှင် ငွေ ၅၀၀၀ ကျပ်နှင့် ကော်ဖီမစ်အထုပ်ကြီး တစ်ထုပ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်  ၁၄ အတွက် တစ်ဦးလျှင် ငွေ ၁၀၀၀၀ကျပ်နှင့် ကော်ဖီမစ်အထုပ်ကြီး တစ်ထုပ်၊ အသက် ၇၅ နှစ်အထက် သက်ကြီးဘိုး/ဘွား ၁၀ဦးအတွက် တစ်ဦးလျှင် ငွေ ၁၀၀၀၀ကျပ်နှင့် အားဆေးတစ်ဗူးတို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ ဂတ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်လှဌေးခိုင်ထံ ကျောင်းရန်ပုံငွေ ၅၀၀၀၀ကျပ် ထောက်ပံ့ပေးအပ်ခြင်း၊ ဂါတ်ချိုင်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိစာရထံ ဆန်တစ်အိတ်၊ ဆီ ၅ပိဿာ၊ အားဆေးတစ်ဗူးတို့အား လှူဒါန်းခဲ့ခြင်း၊ ဂါတ်ချိုင်းကျေးရွာအတွင်းရှိ အသက် ၇၅ နှစ်အထက် သက်ကြီးဘိုး၊ဘွား ၁၀ဦးအတွက် တစ်ဦးလျှင် ငွေ ၁၀၀၀၀ကျပ်နှင့် အားဆေးတစ်ဗူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ခြင်း၊ ဂါတ်ချိုင်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါအောင်ထံ ကျောင်းရန်ပုံငွေ ၅၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာ/အုပ်စု၊ သာသနာ့ဟိတကာရီဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီရိန္ဒထံ ဆွမ်းဆန်တစ်အိတ်၊ ဆီ ၅ပိဿာ၊ အားဆေးတစ်ဗူးနှင့် ဝတ္ထုငွေ ၅၀၀၀၀ ကျပ်နှင့် အခြားလှူဝယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်